Monday, October 14, 2013

အနီရောင်ရှိသော အသားကို တစ်ပတ်လျှင် ၅၀၀ဂရမ်ထက် ပိုမစားသင့်ပါ။ ကမ္ဘာ့ ကင်ဆာရောဂါ ရှာဖွေရေးဌာန(WCRF)မှ ထုတ်ပြန်ချက်မှာ အူမကြီးကင်ဆာ ဖြစ်ပွားမှုမှ လျှော့နည်းစေရန် တစ်ပတ်လျှင် အမဲသား၊ ၀က်သားစသည့် အနီရောင်ရှိသော အသားကို ၅၀၀ ဂရမ်(ချက်ပြီး အလေးချိန်) ထက်ပို၍ မစားသင့်ဟု ဆိုခဲ့သည်။
လန်ဒန်ရှိ အင်ဖယ်လီယား ဆေးတက္ကသိုလ်တွင် အူမကြီးကင်ဆာဖြစ်ပွားမှုနှင့် ပတ်သက်သော စာတမ်း ၂၆၃ခုကို လေ့လာကြည်ရာ ကုန်းသား(သို့) စက်ရုံထုတ် အသားများသည် အူမကြီး ကင်ဆာဖြစ်ပွားမှုကို အားပေးသည့် အကြောင်းရင်းများ ဖြစ်ကြောင်းကို ထပ်မံသိရှိခဲ့ရသည်ဟုဆိုသည်။
အင်္ဂလန်နိုင်ငံတွင် နှစ်စဉ် လူပေါင်း ၁၆၅၀၀ကျော်မှာ အူမကြီးကင်ဆာဖြင့် သေဆုံးလျှက်ရှိရာ အသားများကို တစ်ရက်လျှင် ၇၀ ဂရမ်သာစားသင့်သည်ဟု အင်္ဂလန် အစိုးရက ၂ လပိုင်းတွင် ပြောကြားခဲ့သည်ဟုဆိုသည်။ အသား ၇၀ ဂရမ်မှာ ဟမ်ဘာဂါ ၂ ခု(သို့) ပါးလွှာသော ဟမ်း အသားပြား ၃ ပြားနှင့် ညီမျှသည်ဟုဆိုသည်။

참고, 서울경제 신문, 나윤석기자

Thursday, November 8, 2012

ကြိုးစားမှုနဲ့ ရလဒ်


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုရီးယားစကားပြောပြိုင်ပွဲကြည့်ပြီးတော့ စဉ်းစားမိတာလေးပါ။ ပြိုင်ပွဲမှာ အဓိက အလေးထား ကျင်းပပေးတာတော့ သူတို့ ဘူဂျွန်ဒုံက ကျောင်းသား၊သူတွေပါ။ ဆုလည်း အများဆုံးရကြတာပေါ့နော်။ ဒါပေမယ့် ပထမရတဲ့သူကတော့ တခြားကျောင်းက တစ်ယောက်ကိုပေးလိုက်ပါတယ်။ ကျွန်တော်တို့ကျောင်းကတော့ ၃ ယောက်ပြိုင်ကြပါတယ်။ ၃ ယောက်လုံး ဆုရပါတယ်။ ပထမဆု မရခဲ့ပေမယ့် ၁၀၀% အောင်မြင်ခဲ့တယ်လို့ဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ကျောင်းသားတွေ တစ်ယောက်ချင်းအနေနဲ့ စဉ်းစာမယ်ဆိုရင်တော့ ဆုကြီးကြီးမရလို့ စိတ်တိုင်းမကျဖြစ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်လ၊ နှစ်လလောက်ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် ကိုယ်တွေကြိုးစားသလောက် အထမမြောက်ဘူးလို့ထင်လို့ပါ။ မှန်ပါတယ်။ ပထမရတဲ့ သူက ကျွန်တော်တို့ ကျောင်းက ညီအစ်ကိုတွေလောက် စကားပြောမသွက်ပါဘူး။ ဒါပေမယ့် အကြောင်းအရာ တင်ပြမှုမှာ သာတာတို့၊ စကားလုံးရွေးချယ်ပုံမှာ သာသွားတာတို့ရှိမှာပါ။ ပြီးတော့ အကဲဖြတ် လူကြီးတွေရဲ့ စိတ်မှာ အဲဒီလူ တင်ပြတဲ့ အကြောင်းအရာက ဆွဲဆောင်မှုရှိနေတာလည်ဖြစ်ချင်ဖြစ်မှာပါ။ ဒီတော့ ပထမဆုတော့ မရခဲ့ပေမယ့် ကိုယ်ရဲ့ ပင်ပင်ပန်းပန်းကြိုးစားခဲ့မှုကတော့ တနေ့ ကိုယ့်အတွက်ကျန်မှာပါ။ နှစ်လအတွင်းမှာ သူများတွေ နားချိန်မှာ မနားခဲ့၊ အဆက်မပြတ်ပြင်ဆင်ခဲ့တာတွေအတွက် ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ပြိုင်ပွဲဝင်ခဲ့ကြတဲ့ ကိုရန်နောင်စိုး၊ ကိုကျော်လင်းထွန်း နဲ့ ကိုနိုင်လင်ဆွေတို့ကို လေးစာပါတယ်။ ဆက်လက်ပြီးကြိုးစားကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။


Friday, June 3, 2011

၉လပိုင်းကျမှ ဖုန်းခေါ်တော့မယ်နော်

၉လပိုင်းကျမှ ဖုန်းခေါ်တော့မယ်နော်

ကိုရီးယားနိုင်ငံအစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနမှ မနေ့ ၆လပိုင်း ၂ရက်နေ့ကြေငြာချက်တွင် လစဉ် ပေးဆောင်နေရသော အခြေခံဖုန်းပြောခကို ၀မ် ၁၀၀၀ လျှောကျကောက်ခံမည် ဖြစ်ပြီး၊ စာကိုလည်း အစောင် ၅၀တိတိကို အလကား ပိုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အတိုက်အခံ ပါတီများမှာ ကုန်ဈေးနှုန်းတက်မှုနှင့် နှိုင်းစာလျှင် မပြောပလောက်သော လုပ်ဆောင်ချက်သာဖြစ်ကြောင်းချေပခဲ့ကြသည်။ ၄င်း အစီအစဉ်မှာ လာမည့် ၉ လပိုင်တွင် စတင်မည်ဖြစ်သည်။
အကျဉ်းမျှသာ ...သို့သော် လစဉ် အနည်းဆုံး မဖြစ်မနေ ပေးရမည်ဖြစ်သော အခြေခံ ဖုန်းပြောခ ၀မ် ၁၂၀၀၀သည် အသုံးပြုနည်းသော လူကြီးများနှင် သာမန်သူတို့ အတွက် နှစ်နာမှုဖြစ်သည်ဟု ဆိုကြသည်။ ဖုန်းကုမ္ပဏီများမှ ဈေးနှုန်း အဆမတန် မြင့်တင်၍ ကောက်ခံနေခြင်းလည်း ဖြစ်သည်ဟုဆိုကြသည်။ အကြောင်းမှာ လစဉ် လူ တစ်ဦး အသုံးပြုသော ဖုန်းခ၏ ၀န်ဆောင်မှုကုန်ကျစရိတ်မှာ ၀မ် ၃၅၀၀ သာရှိသော်လည်း အနည်းဆုံး ၀မ် ၁၂၀၀၀ ကောက်ခံနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုကုမ္ပဏီများမှာ နှစ်စဉ် ၀င်ငွေများ မရေတွက်နိုင်အောင်များစွာ ရရှိနေခြင်းနှင့် စာလျှင် အနည်းငယ်မျှသာဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ ကြသည်။ ယမန်နေ့ SKT မှ ပြောရေးဆိုခွင့်ရသူ တစ်ဦးကလည်း ဤအစီအစဉ်သည် ၄င်းတို့ အတွက် နှစ်စဉ် ၀င်ငွေ ၀မ် သန်း ရ သောင်းကျော် လက်လွှတ်ဆုံရှုံးစေကြောင်း ပြောကြာခဲ့သည်။

(ဘယ်လိုပဲပဲဖြစ်ဖြစ် ဖုန်းခလေး ဈေးကျတော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ရွှေတွေအတွက် ကောင်းတဲ့ သတင်းပါ။ ဒီမှာ ကျွန်တော် ထပ်ပြီး သိသလောက်ရှင်ပြ ရရင်တော့ ဖုန်း ရဲ့ မူရင်း လစာပါ။ လစာ ဆိုတာ ဖုန်းခကို ပြောတာပါနော်။ ဟဲဟဲ၊ ရေားကုန်မှာစိုးလို့။ ပထမနည်းကတော့ အနည်းဆုံ ပြောပြောမပြောပြောပေးရမှာက ၀မ် ၁၂၀၀၀ ခင်ဗျ။ အဲဒီမှာ ဖုန်း ပြောရင် ပြောသလောက် ကိုယ်က ပေးရတာပေါ့။ နောက် တစ်မျိုးကတော့ လစဉ် ကြေးက ၀မ် ၃၀၀၀၀(ဥပမာ) ပေးရပြီး အလကား မိနှစ် ၂၀၀ ရတာတို့ ဘာတို့ပေါ့ဗျာ။ ရှေ့က နည်းကတော့ ဖုန်း သိပ် မပြောတဲ့ ကိုကိုရွှေတွေအတွက် ကောင်းပေမယ့် ပြောတဲ့ အခါ တစ်မိနစ်ကို ပေးရတဲ့ နှုန်းက(နောက်ကထက် စာရင်)များတယ်ဗျ။ ဒါပေမယ့် လစဉ် အများကြီးပေးနေရတဲ့ သူတွေကလည်း တန်တယ်ထင်ပြီး မတရာဆက်ရင်တော့ ဖုန်းခက ပိုကျမှာပါပဲ။ မထူးပါဘူးဗျာ။… အော် ဒီမှာ ကျွန်တော်ပြောချင်တာက ၁၀၀၀ ဈေးချတယ်ဆိုတာ အဲဒီ အခြေခံ ဈေနှုန်းကျတာကိုပြောတာပါ။ ဒီတော့ နောက်ဆက်တွဲ တစ်မိနစ်ကို ဘယ်လောက်ဆိုတာလဲ ကျသွားတာပေါ့ဗျာ။ ဂဏန်းတွေတော့ အသေးစိတ် မဖော်ပြတော့ပါဘူး။ ကိုရီးယားလို ဖတ်ချင်ရင်တော့…
http://www.hani.co.kr/arti/economy/it/481073.html ကို သွားပါ။)
အပြည့်အစုံသို့...